Search This Blog

Monday, 17 September 2018

Calcarea Flourica


Synonyms - Calcii Fluoridum. Calcium Fluoride. calcarea Fluorata.
Common Name - Fluorspar. Fluoride of Lime.
ဤဆေးကို ဖလိုရိုက် ခေါ်  သတ္တု ဓါတ်ဆား မှ ဟိုမီယိုပါသီ ဆေးဝါးဗေဒ နည်းစနစ်ဖြင့် ထုပ်လုပ်ထားခြင်း ဖြစ်ပါသည်။  ဤဓါတ်ဆားကို ကိုယ်ခန်္ဓာထဲးတွင် မရှိမဖြစ်လိုအပ်သော ဓာတ်ဆားဖြစ်ပြီး အထူးသဖြင့် သွားအပေါ် ဖုံးကြွေထည်နှင့် ကြွက်သွားများ ကို ဆက်သွယ် ပေးသော ဆက်သွယ်သားမြှင်ကလပ်စီးနှင့် ဆန့်ကျုံ့ သားမြှင်ကလပ်စီး တို့တွင် တွေ့ရသည်။ ဤဓါတ်ဆားကို  အရိုး၊ အဆစ်၊ အရွတ် နှင့် အရိုးဖုံး ကြွက်သား စနစ်များ အရိုးနု အရိုးအမြှေးပါးများ၊ အရေပြားကလပ်စီး၊ အရိုးဖုံးမြှင်ကလပ်စီး၊ သွားပေါ်ရင်းခံကလပ်စီး စသောကလပ်စီးများ တည်ဆောက်ရန် အရေး ကြီးသော ဓာတ်ဆားဖြစ်သည်။ ( သဘာဝ မူရင်း ဖလိုရိုက်ကို တရုတ် နိုင်ငံတွင် ဦးနှောက်အာရုံကြော ငြိမ်ဆေး (စိတ်ငြိမ်ဆေး) အဖြစ်လည်းအသုံးပြုသည်။ သို့ဖြစ်၍ ဤဓာတ်ဆား အားလျှော့နည်းသွားပါက ထိုကလပ်စီးများ ချို့တဲ့လာပြီး ကျွန်ုပ်တို့နေထိုင်မကောင်းမှုများ ဖြစ်လာပေတော့သည်။
ကလေးများ သွားပေါက် နှောက်ကြခြင်း၊ သွားပေါက်ချိန်တွင် ကလေးများ အမျိုးမျိုး နေထိုင် မကောင်းဖြစ်ခြင်း၊ သွားများ တစ်ဖြည်းဖြည်းစားသွားခြင်း၊ သွားနာ၊ သွားကို၊ သွားလှုပ်၊ သွားကျင်၊ သွားပိုးစားခြင်း သွားဖုံးရောင်ခြင်း စသော သွားဝေဒနားများ အတွက် အလွန်ကောင်းပါသည်။ အသက် ၁ နှစ် မှ ၇ နှစ် အတွင်း ကလေးငယ်များ နှင့် ငယ်ရွယ်သူတို့ အတွက် သွားရောဂါ  ကြိုတင်ကာကွယ်ရန်နှင့် ကုသရာတွင် အသုံးပြုရန် အလွန်သင့်သော် သောဆေး ဖြစ်ပါသည်။
အရိုး အဆစ် များနှင့် ပက်သက်၍ အဆစ်များရောင်ခြင်း၊ အဆစ်များ နာကျင်ကိုက်ခဲခြင်း၊ အရိုး ကလပ်စီးများ နာကျင်ကိုက်ခဲလားခြင်း၊ အရိုးဖုံးအမြှေးပါးများ ပျက်စီးခြင်း မာသောအကျိတ်များ ဖြစ်ခြင်း၊ အရိုးကြီးထွားမှု မမှန်ကန်ခြင်း၊ အရွတ်ရောင်ခြင်း။ ပေါင်ကြောများ ခြေသလုံးကြောများ ရောင်လာခြင်း၊ အတွင်းလိပ်၊ အပြင်လိပ်၊ သွေးယိုသောလိပ်၊ သွေးမယိုသောလိပ်၊ လိပ်ပုန်း၊ အစရှိသောလိပ်ခေါင်းရောဂါများ။ ကိုယ်ခန်္ဓာရှိ အကျိတ်များ ရောင်လာခြင်း၊ နာကျင်ခြင်း၊ ကျောက်ခဲးကဲ့သို့မာခြင်း၊ အရေပြားများ ပတ်ကြားအက်ကွဲခြင်း၊ သွေးလွှတ်ကြောများ မာကျောလာခြင်း၊ မာသောအနာများပေါကလာခြင်း၊ မာသော ရောင်ရမ်းခြင်းများ ဖြစ်လာခြင်း၊ ဦးနှောက်ရောင်ခြင်း၊ အကျိတ်ပေါ်လာခြင်း၊ မိန်းမများ မီးယပ်မမှန်ခြင်း၊ နာကျင်ခြင်း၊ နို့နာခြင်း၊ သားအိမ်ကျခြင်း၊ ရိဖြူ-ရိနီဖြစ်ခြင်း၊ မုတ်္တရောဂါ ဖြစ်ခြင်း၊ လည်ပင်းကြီးရောဂါများဖြစ်ခြင်း။
ဤဆေးကို ဆက်သွယ်သားမြှင်ကလပ်စီးများ နှင့် အရိုးကလပ်စီးများတွင် တစ်ခုခုသော နာတာရှည်ရောဂါ ဖြစ်လာသောအခါ အထူးကောင်းပါသည်။ ဤဆေး၏ လက်္ခဏာမှာ အပူဖြင့် သက်သာလာ၍ အအေးနှင့် စိုစွတ်သော ရာသီဥတုတွင် ပိုဆိုးဝါးလာတတ်ပါသည်။

No comments:

Post a Comment