Search This Blog

Sunday, 16 September 2018

``လူ့ဘောင်အကျိုးစီးပွားနှင့် ဆေးပညာလေးမျိုး´´

ယခုထိ ကမ္ဘာပေါ်တွင် ဆေးပညာစနစ် လေးမျိုးရှိကြောင်း ဆေးဘက်ဆိုင်ရာအဖွဲ့စည်းများနှင့် ပညာရှင် အသီးသီးက အသိမှတ်ပြုပြီးဖြစ်လေသည်။
ယင်းဆေးပညာလေးမျိုးမှာ (၁)ယူနာနီ ( Unani ) (၂) အာယုဗ္ဗေ ( Ayurvedic ) (၃) အလိုပါသီ (Alloapathy) (၄) ဟိုမီယိုပါသီ ( Homoeopathy ) တို့ဖြစ်သည်။
၁။ယူနာနီဆေးပညာသည် အီဂျစ်နှင့် အခြားအရှေ့အလယ်ပိုင်းသေဒနိုင်ငံများတွင် လေ့လာလိုက်စားကြ သည့်ဆေးပညာစနစ်တစ်ခုဖြစ်ပြီး၊ အထူးသဖြင့် အီဂျစ်လူမျိုးတို့၏ ရှေ့ခေတ်ဆေးကျမ်းများကို အခြေခံတည် ဆောက်ထားသည့်ဆေးပညာစနစ်ဖြစ်သည်။
၂။အာယုဗ္ဗေဒဆေးပညာသည် ရောမ၊ ခေါမခေတ်မှအစပြု ၍ အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ တွင် မိမိတို့၏ တိုင်းရင်းဆေးပညာလမ်းကြောင်း၌ ဆင့်ကဲပြန့်ပွားစည်ပင်လာခဲ့သော ဆေးပညာစနစ်တစ်ရပ်ဖြစ် သည်။
၃။ဂရီနိုင်ငံတွင် အာယုဗ္ဗေဒဆေးကျမ်းကို တဆင့်နည်းခံ ၍ ရုပ်လုံးဖော်ပေးခဲ့သူမှာ ဟစ်ပိုကရေတီးစ် (ဘီစိ၄၅၀)ဖြစ်လေသည်။ အလိုပါသီဆေးပညာစနစ်ကား ခေတ်သစ်ဆေးပညာစနစ် ( Modern Medicine) ခေါ် အနောက်တိုင်းဆေးပညာ စနစ်ဖြစ်လေသည်။
၎။ဟိုမီယိုပါသီဆေးပညာစနစ်ကား လွန်ခဲ့သောဘီစီ(၄၅၀)ခန့်က ပညာရှင်ကြီး ဟစ်ပိုကရေတီးစ်၏ ဆေးကျမ်းများတွင် ယျေဘုယျဖော်ပြပါရှိခဲ့သော ဆေးဝါးနှင့် လူနာ၏လက္ခဏာကိုညီအောင် ပေးရသည့် ကုထုံးကို (၁၈) ရာစုနှစ်ရောက်မှပင် ပညာရှင်ကြီး ဒေါက်တာဟာနီမန်းက ဆေးဝါ၏ တိကျသောလက္ခဏာနှင့် လူနာ၏ ရောဂါလက္ခဏာ လုံးဝတူညီလျှင် ကုသပျောက်ကင်းနိုင်စွမ်းသော သီဝရီကို စနစ်တကျမှတ်တမ်းတင် စစ်ဆေးကာ သိပံ္ပနည်ကျ ဟိုမီယိုပါသီဆေးပညာစနစ်အဖြစ် တိတိကျကျတည်ဆောက်လိုက်ခြင်းဖြစ် လေ သည်။
ဂျာမန်ဗိန္ဓောဆေးပညာတစ်ရပ်အဖြစ်ပေါ်ထွက်လာခြင်းမဟုတ်ပါ။

No comments:

Post a Comment